ဇေယျာသီရိ မတ် ၂၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ လူငယ်နှင့်မီဒီယာအကြောင်းသိကောင်းစရာ အသိပညာပေး Talk Show ကို ယနေ့နံနက်ပိုင်းက ရိုက်ကူးထုတ်လွှင့်ခဲ့ကြောင်း သိရသည်။
ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုရရှိစေရန် online မှတစ်ဆင့် အသိပညာပေးအစီစဉ်များကို ရိုက်ကူးထုတ်လွှင့်ပေးလျက်ရှိရာ ယနေ့တွင် လူငယ်နှင့်မီဒီယာအကြောင်းသိကောင်းစရာ အသိပညာပေး Talk Show ကို ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းမြတ်မွန်နှင့် စာရေးဆရာမ သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)တို့က မီဒီယာအကြောင်း၊ လူငယ်များ online မီဒီယာသုံးစွဲခြင်းကြောင့်ရရှိလာနိုင်သည့် အကျိုးကျေးဇူးများနှင့် ဆိုးကျိုးများအကြောင်း၊ online မီဒီယာသုံးစွဲရာတွင် လိုက်နာရမည့်အချက်များအကြောင်းကို ဆွေးနွေးခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇေယျာသီရိမြို့နယ်ရုံးမှ ရိုက်ကူးထုတ်လွှင့်သည့် အဆိုပါ Talk Show အပြည့်အစုံကို ဇေယျာသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook page တွင် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)