သိန္နီမြို့နယ်၌ (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားကျင်းပ

သိန္နီ မတ် ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်၌ (၇၈)နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကောင်းဟော်ကျေးရွာအုပ်စု၊ နောင်အွန်ကျေးရွာ ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းအချိန်က ဆောင်ရွက်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးရာဇာအောင်က စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၌ နောင်အွန်ကျေးရွာ ရပ်မိ၊ ရပ်ဖတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ထို့နောက် ကွန်ကရစ်လမ်းအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်း၊ ရဲမှူးနိုင်တင်အေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်မော်သန်းနှင့် မြို့နယ်ဦးစီးမှူး ဦးရာဇာအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါကွန်ကရစ်လမ်း (၄၂၀' × ၁၂' × ၆") အား Cash For Work စီမံကိန်း နိုင်ငံတော်ထောက်ပံ့ငွေ သိန်း(၁၀၀)ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ဒေသထုတ်ကုန်များ အလွယ်တကူသယ်ယူပို့ဆောင်နိုင်ရန်၊ ပြည်သူများအနေဖြင့် ကိုယ်တိုင်ပူးပေါင်းပါဝင်တတ်စေရန်၊ လုပ်အားခများရရှိစေရန် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)