မူဆယ် မတ် ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် မြန်မာ-တရုတ်နယ်စပ်မြို့ဖြစ်သည့်အလျောက် ကိုယ်ပိုင်စီးပွားရေးသမားများနှင့် ကုန်သွယ်ရောင်းဝယ်ရေးလုပ်ငန်းရှင်များ များပြားလျက်ရှိပြီး နိုင်ငံဝန်ထမ်းများ နည်းပါးသော်လည်း လစဉ် (၂၁)ရက်နေ့မှ စတင်၍ နောက်လဆန်းပိုင်းအထိ အငြိမ်းစားနိုင်ငံဝန်ထမ်းများ၏ ပင်စင်လစာငွေကို ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပင်စင်လစာငွေများ ထုတ်ပေးရာတွင် အငြိမ်းစားနိုင်ငံဝန်ထမ်းများအနေဖြင့် ပင်စင်လစာငွေကို မိမိကိုယ်တိုင်သော်လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ခြင်း မရှိလျှင် မိသားစုဝင်တစ်ဦးဦးက ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူပေးနိုင်ပြီး ငွေထုတ်ကဒ် ပြုလုပ်ထားသော အငြိမ်းစားနိုင်ငံဝန်ထမ်းများအနေဖြင့် မည်သည့်ရက်မဆို လာရောက်ထုတ်ယူနိုင်ကြောင်းနှင့် ပင်စင်လစာငွေကို (၃)လလျှင် တစ်ကြိမ်သော်လည်းကောင်း၊ (၆)လလျှင် တစ်ကြိမ်သော်လည်းကောင်း စုပေါင်းထုတ်ယူနိုင်ကြောင်းလည်း မူဆယ်မြို့၊ မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိသူတစ်ဉီးထံမှ သိရှိရပါသည်။ ထို့အပြင် သက်ကြီးရွယ်အို အငြိမ်းစားနိုင်ငံဝန်ထမ်းများကို အခက်အခဲမရှိ ပင်စင်လစာထုတ်ယူနိုင်ရေး၊ မိမိလစာငွေထုတ်ချိန်မရောက်ခင် သက်သောင့်သက်သာ နားနေနိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်နှင့်အညီ လူစုလူဝေးမဖြစ်ပေါ်စေရန်အတွက်လည်း တစ်ဉီးနှင့်တစ်ဉီး (၃)ပေအကွာတွင် နှာခေါင်းစည်း Mask များ တပ်ဆင်ပေးထားလျက် မြန်မာ့စီးပွားရေးဘဏ်မှ ဝန်ထမ်းများက စနစ်တကျ စီစဉ် ဆောင်ရွက် ပေးထားပါသည်။
မူဆယ်မြို့တွင် အငြိမ်းစားနိုင်ငံဝန်ထမ်းပေါင်း ပျှမ်းမျှ(၃၀၀)ကျော်ရှိပြီး ယခင် ဖေဖော်ဝါရီလတွင် ပင်စင်လစာငွေကို (၂၇၉)ဦး ထုတ်ယူခဲ့ကြောင်း သိရှိရသည်။ ယခုမတ်လအတွက် ပင်စင်လစာငွေကို မတ်လ(၂၁)ရက်နေ့ နံနက် ဘဏ်ဖွင့်ချိန် (၉:၃၀)အချိန်မှ စတင်ထုတ်ပေးနေပြီဖြစ်ကြောင်း သိရှိရပါ သည်။
ဆက်ပိုင်(မူဆယ်)