တပ်ကုန်းမြို့၌ မွေးစမှ(၁)နှစ်ခွဲထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန် ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေး

 

တပ်ကုန်း           အောက်တိုဘာ        ၁

နေပြည်တော်တပ်ကုန်းမြို့နယ် မြဝတီရပ်ကွက်အတွင်း မွေးစမှ(၁)နှစ်ခွဲထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင် များအား  ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို  အောက်တိုဘာ   ၁ ရက် နံနက်ပိုင်း က  အဆိုပါ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်သည်။

အဆိုပါပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရပ်ကွက်ကျန်းမာရေး တာဝန်ခံ ဆရာမဒေါ်ခင်ဆွေဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူ များ စုပေါင်း၍ ရပ်ကွက်အတွင်းရှိ မွေးစမှ အသက်(၁)နှစ်ခွဲရှိ ကလေးငယ်ပေါင်း (၂၂)ဦးအား ပြင်းထန်အဆုတ်ရောင်ကာကွယ်ဆေး၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပိုလီယိုကာကွယ်ဆေးများ ထိုး ပေးခြင်း၊ ဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင် မိခင်(၈)ဦးကိုလည်း မေးခိုင် ကာကွယ် ဆေးထိုးနှံ ပေးခြင်းတို့ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ရေး ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်