မိုင်းလုံမြို့ လူထုအခြေပြုဗဟိုဌာန (Community  Centre)ခန်းမ၌  "အလုပ်ဆိုတာအင်အားပါ" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်

မိုင်းလုံ မတ် ၂၃

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန( Community  Centre)  ခန်းမတွင် (Book Club) အဖွဲ့ဝင်များက စာရေးဆရာ ဒေါက်တာမတင်ဝင်း(ပညာရေးတက္ကသိုလ်) ရေးသားထားသော "အလုပ် ဆိုတာအင်အားပါ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၀)နာရီအချိန်ခန့်က ဆောင် ရွက်ခဲ့သည်။

ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်စုစုဝင်းက အလုပ်သည် ဘဝကိုမြင့်ရာသို့ တိုးတက်စေနိုင်သောတွန်းအားကို ထုတ်ပေးခြင်းဖြစ်ကြောင်း ရှေ့ဦးစွာ‌‌ပြောကြားပြီးမှ  အလယ်ရပ်ကွက်နေ ဒေါ်နန်းသီတာ‌အောင်မှ "အလုပ်ထဲမှာ စေတနာနဲ့ ယုံကြည်ချက်အား များအောင်ကြိုးစားပါ" အကြောင်းကိုလည်း‌ကောင်း၊ ဈေးရပ်ကွက်နေ စိုင်းကိုပွားမှ "အလုပ်လုပ်တဲ့နေရာမှာ စေတနာပါပါစေ" အကြောင်းတို့ကိုဆွေးနွေးရာ စာဖတ်ဝိုင်းသို့တက်‌‌ရောက်သော ဝါသနာရှင်များကလည်း  မိမိတို့သိသော အကြောင်းအရာများကို  အပြန်အလှန်ဆွေးနွေးကြပြီး မြို့ဦးစီးမှူး ဒေါ်စုစုဝင်းက ဤစာအုပ်ကိုစွဲမြဲစွာဖတ်၍  လက်တွေ့ကျင့်သုံးပါက  မိမိတို့လုပ်ငန်းခွင်တွင် အကျိုးကျေးဇူးရှိကြောင်း ပြောကြားခဲ့သည်။

ဇော်ဇော်(ပြန်/ဆက်)