ရခိုင်ပြည်နယ် မြောက်ဦးမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ဆရာ/မများ ဘာသာရပ်စွမ်းရည်မြှင့်သင်တန်း ပို့ချ

မြောက်ဦး  မတ်  ၂၃

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ဆရာ/ဆရာမများအား ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (၁) ၊ အ.ထ.က.(၂) နှင့် အ.ထ.က(ခွဲ) လ(၁)  ကျောင်းတို့၌ သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။

ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ ၊ ပထဝီ၊ သမိုင်း၊ သိပ္ပံဘာသာရပ်များအား ဆွေးနွေးမှုများ ပြုလုပ်ပေးလျက်ရှိပြီး အခြေခံပညာကျောင်းများမှ အထက်တန်းပြ ဆရာ ၇၅၁ ဦး ၊ ဆရာမ ၃၇၅ ဦး နှင့် အလယ်တန်းပြ ဆရာ ၂၉၄ ဦး ၊ ဆရာမ ၁၁၄ ဦး  စုစုပေါင်း ၁၅၃၄ ဦး တက်ရောက်လျက်ရှိ၍ သင်တန်းနည်းပြ ၄၅ ဦး က သင်ကြားပို့ချမည်ဖြစ်ကာ သင်တန်းကာလ မှ မတ်လ ၂၁ ရက်နေ့မှ စတင်ကာ မတ်လ ၂၄ ရက်နေ့အထိ ၄ ရက် ကြာ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

မြင့်စိုး၊စိုးငြိမ်းနိုင် (ပြန်/ဆက်)