အမ်း မတ် ၂၃
ရခိုင်ပြည်နယ် အမ်းခရိုင် အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာလ၌ စိုက်ပျိုးစရိတ်ချေး ငွေများပေးဆပ်နိုင်ရန် ကျန်ရှိသော တိုက်မော်ကျေးရွာအုပ်စုမှ တောင်သူများနှင့် တွေ့ဆုံခြင်းကို ယနေ့ နေ့လည်က တိုက်မော်ကျေးအုပ်စုရှိ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံအတွင်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေများ ပေးဆပ်နိုင်ရေး ကွင်းဆင်းတွေ့ဆုံဆွေးနွေးပွဲသို့ လယ်ယာစိုက်ပျိုးရေးဘဏ် မန်နေဂျာ ဦးတင်ထွန်းနှင့် ဝန်ထမ်းများ၊ တိုက်မော်ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များ စိုက်ပျိုးစရိတ်ချေး ငွေများပေး ဆပ်ရန်ကျန်ရှိသည့် တိုက်မော်ကျေးရွာ အုပ်စုမှ တောင်သူများ တက်ရောက်ကာ ကိုဗစ်-၁၉ ကာလ၌ စိုက်ပျိုးစရိတ် ချေးငွေများ ပေးဆပ်ရန် ကျန်ရှိသော တောင်သူများအား ယခင်ပေးဆပ်ရန် ကျန်ရှိသော စိုက်ပျိုးစရိတ်ချေးငွေများကို ပြန်လည်ပေးဆပ်နိုင်ရေးနှင့် သတ်မှတ်ချိန်များ၌ ပြန်လည်ထုတ်ချေးပေးနိုင်ရေးအတွက် တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သတင်းရသည်။
မြို့နယ်(ပြန်/ဆက်)