တံတားဦးမြို့နယ် မြို့နယ်ပြည်သူ့စာကြည့်တိုက် ( Community Centre )ခန်းမ၌  (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

တံတားဦး မတ်  ၂၃

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား ကျောင်းသူများအား (၇၈)နှစ်မြာက် တပ်မတော်နေ့ အထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် စာဖတ်စွမ်းရည် ပြိုင်ပွဲတို့ကို ယနေ့နံနက်(၁၁)နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက် ( Community Centre ) ခန်းမ၌  ကျင်းပကြောင်း သိရသည်။

ဉာဏ်စမ်းပဟေဠိ ကျင်းပရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က ကျောင်းသား/သူများအနေဖြင့် ကျောင်းအားလပ်ရက်များအချိန်များတွင် ကျောင်းစာ အပြင် ပြင်ပစာပေ ဗဟုသုသုတများ လေ့လာဖတ်ရှုခြင်းအားဖြင့် အသိပညာများတိုးပွား ကြွယ်ဝလာစေ၍ စဉ်းစားတွေးခေါ်မှု အသိဉာဏ်ပညာများ ပိုမိုရင့်သန်လာပြီး အသိအလိမ္မာတိုးပွားပြီး အားလပ်သည့် အချိန်များတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ပြည်သူ့စာကြည့်တိုက်သို့ အချိန်မရွေးလာရောက်ပြီး စာအုပ်စာစောင်များကို အခမဲ့ငှားရမ်း ဖတ်ရှုနိုင်ကြောင်း  ရှင်းလင်းပြောကြားပြီး ကျောင်းသား/သူများက ဉာဏ်စမ်းပဟေဠိိပြိုင်ပွဲနှင့် စာဖတ်စ္မ်းရည်ပြိုင်ပွဲတို့ကို မိမိတို့ လေ့လာမှတ်သားထားသည့် အကြောင်းအရာများနှင့် စာအုပ်စာစောင်များကို အလှည့်ကျပါဝင်ယှဉ်ပြိုင်ကြသည်။

တံတားဦးမြို့ ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/သူများအနေဖြင့် အသိပညာ ဗဟုသုတ ရရှိရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးလုပ်ငန်းများအတွက် မြို့နယ် ပြည်သူ့စာကြည့်တိုက်  (Community Centre)ခန်းမ၌ ဟောပြောပွဲများ ၊ ပြပွဲများ ၊ ပြိုင်ပွဲများကို လစဉ်ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဦးရဲတင့်( ပြန်/ဆက်)