ကျောက်တန်း မတ်လ ၂၃
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမွေးမြူရေးနည်းပညာသင်တန်းကို ယမန်နေ့ နံနက် (၉) နာရီအချိန်တွင် ကျောက်တန်းမြို့နယ် ရှမ်းချောင်းကျေးရွာ၌ ဖွင့်လှစ်သင်ကြား ပို့ချခဲ့သည်။
အဆိုပါသင်တန်းအား သန်လျင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာန ဌာနမှူးဦးအေးနိုင်၊ ကျောက်တန်းမြို့နယ်ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးခင်ဝင်း၊ ကျောက်တန်းမြို့နယ် ပုဇွန်သားပေါက်စခန်းတာဝန်ခံ ဦးရဲသောင်းတို့မှ သင်ကြားပို့ချပေးခဲ့သည်။
ယင်းသင်တန်းအား ကျောက်တန်းမြို့နယ်ကျေးရွာ (၄) ရွာမှ ပုဇွန်ကန်ပိုင်ရှင်သင်တန်းသား (၁၉) ဦးတက်ရောက်သင်ကြားခဲ့ပြီး နိုင်ငံတော်၏ အသား/ငါးကဏ္ဍတွင် ငါးမွေးမြူရေးမှ ဝင်ငွေများရရှိနိင်ရေး၊ နည်းပညာအကူအညီပေးနိုင်ရေး ဆောင်ရွက်ရန်ဟု လမ်းညွန်ချက်အရ ရန်ကုန်တိုင်းဒေသကြီးအတွင်း စီမံချက်ဖြင့်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ငါးမွေးမြူရေးနည်းပညာပေး ဆောင်ရွက်ပေးသွားခြင်းဖြင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါသည်။
မြို့နယ်(ပြန်/ဆက်)