မိုင်းဖြတ်မြို့နယ်၌ (၇၈) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

မိုင်းဖြတ် မတ် ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် (၇၈) နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက  မိဘပြည်သူများထံ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဖြန့်ဝေပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (အခမဲ့) ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များကို ဓာတ်ပုံကျွမ်းကျင်-၂ ဦးသန်းထွန်းအေးနှင့် ဝန်ထမ်းများက  လူစည်ကားရာနေရာများဖြစ်သည့် ကားဂိတ်၊ တက္ကစီဂိတ်၊ မြို့မဈေးနှင့် မြို့နယ် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ကြသည့် စာဖတ်၊ စာငှားများကို (အခမဲ့) ဖြန့်ဝေးပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်၌ (၇၈)နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များ၊  ၁၉၄၇ခုနှစ်၊ ဇူလိုင်လ ၁၃ရက်နေ့၌ မြို့တော်ခန်းမတွင်ကျင်းပသော ပြည်သူ့အစည်းအဝေး၌ ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်မှ (၇၇) နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နှုတ်ချက်များ၊  တပ်မတော်နေ့ ဂုဏ်ပြုကဗျာ၊ ဆောင်ပုဒ်များ၊ တပ်မတော်နေ့အကြောင်း သိကောင်းစရာများပါရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)