ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကလေးအလုပ်သမားများ၏ အခွင့်အရေးများအကြောင်း အသိပညာပေး Talk Show ပြုလုပ်

ပြည်ကြီးမဏ္ဍိုင် မတ် ၂

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကလေးအလုပ်သမားများ၏ အခွင့်အရေးများအကြောင်း သိကောင်းစရာများ အသိပညာပေး Talk Show အား ယမန်နေ့ ညနေပိုင်းက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ    စာကြည့်တိုက်လက်ထောက် - ၃ ဒေါ်စိုးမြတ်နန္ဒာက  ကလေးအလုပ်သမားအရွယ် အသက်အပိုင်းအခြား ရရှိနိုင်သည့် အခွင့်အရေးများ၊ နိုင်ငံတကာ ကလေးအလုပ်သမားများ၏  ရပိုင်ခွင့်နှင့် ဉပဒေများအကြောင်း၊ အငယ်တန်းစာရေး ( အင်အားပြ) ဒေါ်ချမ်းချမ်းမြေ့မှ ကလေးအချိန်ပိုင်း အလုပ်သမားများ အခွင့်အရေးများ၊ အလုပ်ချိန် ကန့်သတ်ချက်များအပေါ် ပြန်လည်တုန့်ပြန်နိုင်သည့် အခွင့်အရေး အချက်အလက်များအား အပြန်အလှန် ဆွေးနွေးခဲ့သည်။

အဆိုပါ အသိပညာပေး Talk Show အား We Love Pyigyimandaing Page တွင် အချိန်နှင့်တစ်ပြေးညီ တင်ပြပေးသွားမည်ဖြစ်သည်။

ကေခိုင်ဝင်း(ပြန်/ဆက်)