တနိုင်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းပင်စင်လစာများ ထုတ်ပေး

တနိုင်း မတ် ၂၃

ကချင်ပြည်နယ်၊ တနိုင်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားနိုင်ငံဝန်းထမ်းများ၏ ပင်စင် လစာငွေများကို မတ် ၂၁ ရက်နေ့ နံနက် (၉) နာရီအချိန်က စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အငြိမ်းစားနိုင်ငံ့ဝန်းထမ်းများ၏ ပင်စင်လစာငွေများကို နိုင်ငံတော်အစိုးရက သတ်မှတ် ထားသော ရုံးပိတ်ရက်များမှအပ ရုံးဖွင့်ရက်များတွင် ထုတ်ပေး လျက်ရှိရာ လစဉ်ပုံမှန် (၂၁) ရက်နေ့ မှ (၂၈) ရက်နေ့အထိ နံနက် (၈)နာရီမှ မွန်းလွဲ (၂) နာရီထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တနိုင်းမြို့ မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် ပင်စင်စားများ ပင်စင်ထုတ်ရက်တွင်လည်း မိဘပြည်သူများ၏ ငွေသွင်း၊ ငွေထုတ်၊ ငွေလွှဲလုပ်ငန်းများကို ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း ဘဏ်မန်နေဂျာ ဦးမြင့်မိုးထံမှ သိရသည်။

ပန်းအိ(တနိုင်း)