သာကေတ မတ် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်တွင်သာသနာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ၂၀၂၃ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲကို ယမန်နေ့မွန်းတည့်(၁၂:၀၀)နာရီတွင် သာကေတမြို့နယ်၊ ဇိနမာရ်အောင်စေတီတော်ဝင်းအတွင်းရှိ ဝိမုတ္တိရသဓမ္မဗိမာန်တော်ကြီး၌ ဆက်လက်ကျင်းပဖြေဆိုရာရန် ကုန်တိုင်းဒေသကြီး၊ သံဃနာယကအဖွဲ့ဥက္ကဋ္ဌဘဒ္ဒန္တ အဂ္ဂသာမိနှင့် အထူးကြီးကြပ်ရေး ဆရာတော်(၇)ပါး၊ စာမေးပွဲသြဝါဒစရိယနှင့် အထူးကြီးကြပ်ရေးဆရာတော်(၁၁)ပါး၊ စာမေးပွဲကြီးကြပ်ရေးအဖွဲ့ဝင် ဆရာတော်(၁၅)ပါးတို့က အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြီးကြပ်ဆောင်ရွက်ခဲ့ကြသည်။
၂၀၂၃ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲဒုတိယနေ့၌ ပါရာဇိကကဏ္ဍပါဠိအဋ္ဌကထာ ကျမ်းရင်အား သာကေတမြို့နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီရှိသံဃာ တော်(၂၁၂) ပါးတို့မှ ဆက်လက်ဝင်ရောက် ဖြေဆိုကြသည်။အဆိုပါ အစိုးရဓမ္မစရိယစာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်များနှင့် စာဖြေဌာနကြီးကြပ်ဆရာတော်များကြီးကြပ်မှုဖြင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သာသနာရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ဂေါပကအဖွဲ့ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပရဟိတလူမှုကူညီရေးအဖွဲ့များနှင့် အုပ်ချုပ်ရေးအဖွဲ့များမှ ပူပေါင်း၍ စာဖြေသံဃာတော်များ စိတ်အေးချမ်းသာဘေးကင်းစွာဖြင့် ဖြေဆိုနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ ဆက်)