သန်လျင် မတ် ၂၂
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် (၁၃၈၄)ခုနစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် သန်လျင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။
ရှေးဦးစွာ မဟာသင်္ကြန်ပွဲတော် ကျင်းပရေးကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်က ပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဖွဲ့စည်းပေးထားသည့်ကော်မတီများက တက်ညီလက်ညီ ဝိုင်းဝန်းဆောင်ရွက်ကြရန်ဆွေးနွေးမှာကြားသည်။
ထို့နောက်တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများက မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပရေး စီစဉ်ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့်လု ပ်ငန်းအစီများအား ရှင်းလင်းတင်ပြကြသည်၊
သန်လျင်မြို့နယ် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်အား မြို့နယ်အထွေထွေအုပ်ချပ်ရေးဦးစီးဌာနရုံးရှေ့တွင် ဖျော်ဖြေရေးနှင့်ရေးကစားမဏ္ဍပ်ဆောက်လုပ်၍ သင်္ကြန်အကြိုနေ့မှ အတက်နေ့ထိ ယိမ်းအကဖျော်ဖြေမှု၊ နိုင်ငံကျော်အဆိုတော်များနှင့် ပညာရှင်များ၏ သီဆိုဖျော်ဖြေမှုများအပြင် သင်္ကြန်ရက်များအတွင်း ဌာနဆိုင်ရာနှင့် ရပ်ကွက်ကျေးရွာများက စတုဒီသာကျွေးမွေးလှူဒါန်းမှုများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ ဆက်)