မိုးညှင်း မတ် ၂၂
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ မူလတန်းကြိုကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ပွဲနှင့် ပဒေသာကပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်နွယ်နွယ်အောင်က အဖွင့်အမှာစကားပြောကြားပြီး မူလတန်းကြိုသင်ကြားတတ်မြောက်ပြီးသော ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ရင်သွေးငယ်(၁၀၀)ဦးအား ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (ECCD Certificate) လက်မှတ်များကို ခရိုင်လူမှုဝန်ထမ်းဦးစီးမှုး၊ ဦးစီးအရာရှိနှင့် မိုးညှင်းမူလတန်းကြိုကျောင်း ကျောင်းအုပ်တို့က ပေးအပ်ခဲ့ကြသည်။
ထို့နောက် ပဒေသာကပွဲအား ဆက်လုပ်ကျင်းပရာ မိုးညှင်းမူလတန်းကြိုကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ရင်သွေးငယ်လေးများက အဖွဲ့လိုက် အကအလှများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြပြီး အခမ်းအနားတွင် လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်နွယ်နွယ်အောင်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မိဘဆရာအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကျောင်းသား မိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရွှေမိုးညှင်း