မန်တုံမြို့ သမိုင်းဝင် မဟာမြတ်မုနိဂန္ဓကုဠိကျောင်းတော်သစ် တည်ဆောက်ရန် စုပေါင်းလုပ်အားပေး

မန်တုံ မတ် ၂၂

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ် အမှတ်(၂)ရပ်ကွက်(ဟိုခို)၌ တည်ထားကိုးကွယ်သော သမိုင်းဝင်မဟာမြတ်မုနိဂန္ဓကုဠိ ကျောင်းတော်သစ် တည်ဆောက်ရန် စုပေါင်းလုပ်အားပေးခြင်းကို ယနေ့နံနက်ပိုင်းမှ စ၍ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ သမိုင်းဝင်မဟာမြတ်မုနိဘုရားကြီးအား တည်ထားကိုးကွယ်ခဲ့သည်မှာ နှစ်ပေါင်း (၉၀) နီးပါးရှိပြီးဖြစ်၍ ဂန္ဓကုဠိကျောင်းတော်သစ် တည်ဆောက်ရန် ရပ်ကွက်၊ ကျေးရွာအတွင်းရှိ စေတနာရှင်များစုပေါင်း၍ ကျောင်းတော်တည်ဆောက်ရန်လိုအပ်သော သစ်များ၊ အုတ်၊ သဲ၊ ကျောက် စသဖြင့် အလှူဒါနပြုကြခြင်းနှင့် ကျောင်းဆောင်ဟောင်း ဖြိုချခြင်း၊ ဘုရားဝင်းအတွင်း သန့်ရှင်းခြင်းများကို လုပ်အားဒါနအဖြစ် လှူဒါန်းခြင်းကို အပတ်စဉ် စနေနှင့် တနင်္ဂနွေနေ့များတွင် ပုံမှန် ဆောင်ရွက်ကြကြောင်း သိရသည်။

မန်တုံ ပြန်/ဆက်