မုဒုံ မတ် ၂၂
မွန်ပြည်နယ် မုဒုံမြို့နယ် မြတ်ပညာငွေစုငွေချေး သမဝါယမအသင်းလီမိတက်မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အသင်းသား အကျိုးဝေစုအဖြစ် စားသုံးဆီ ထောက်ပံ့ခြင်းကို မတ်လတတိယအပတ်မှစတင်ကာ ပေးအပ်လျက်ရှိသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်သမဝါယမဦးစီးအရာရှိ ဦးညီညီထွန်း၊ မြတ်ပညာငွေစုငွေချေး သမဝါယမအသင်းဥက္ကဋ္ဌ ဦးသန်းတင်၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များက အသင်းသား/ သူတစ်ဦးလျှင် စားသုံးဆီ တစ်လီတာဆီဗူးတစ်ဗူးနှုန်းဖြင့် (၂၂၃၈)ဦးအား ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သားငယ် (ပြန်/ ဆက်)