မြောက်ဥက္ကလာပ မတ် ၂၂
၂၀၂၃ခု နှစ် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ မွန်းလွဲ ၁နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre တွင် ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/သူများ တက်ရောက်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် မြို့နယ်ပြန်/ ဆက်ဦးစီးအရာရှိ ဒေါ်မြမြဝင်းက (၇၈)နှစ်မြောက်တပ်မတော်နေ့အကြောင်းအရာများ၊ စာကြည့်တိုက်ဆိုင်ရာ အကြောင်းအရာများကို အဖွင့်အမှာစကားအနေဖြင့်ပြောကြားခဲ့ပြီး မြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာဦးသိန်းဝင်းဇော် လွတ်လပ်ရေးရရရှိရန် ကြိုးပမ်းခဲ့မှုမှစ၍ တပ်မတော်နေ့ဖြစ်ပေါ်လာပုံ၊ တပ်မတော်အဆင့်ဆင့် ပြောင်းလဲဖွဲ့စည်းပုံအဆင့်အဆင့်ကို ဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တပ်မတော်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်များကို မြို့နယ်ပြန်/ ဆက်ဦးစီးအရာရှိ ဒေါ်မြမြဝင်းနှင့်ဝန်ထမ်းများက ပြသရာ ကျောင်းသား/ သူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်၊၊
မြမြဝင်း(ပြန်/ ဆက်)