စဉ့်ကိုင်၊ အောက်တိုဘာ ၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင်ကျင်းပမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဲဆန္ဒရှင်ပြည်သများ လုံခြုံစိတ်စွာဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံလုံခြုံရေးဆောင်ရွက်နိုင်ရန် အထူးရဲသင်တန်းကို ယနေ့နံနက် (၉ ) နာရီက စဉ့်ကိုင်(အ.ထ.က)သဇင်ခန်းမ၌ စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ မြိနယ်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်ထွန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီ: မြို့နယ်ရဲတပ်ဖွဲ့ မှူး ရဲမှူး ရဲဗလညွှန့်ဌေးက သင်တန်းသားများအနေဖြင့် မိမိတို့တာဝန်ကျရာ မဲရုံများတွင် လုံခြုံရေး တာဝန်များဆောင်ရွက်ရာ၌ အခက်အခဲတစ်စုံတစ်ရာဖြစ်ပေါ်လာပါက အချိန်နှင့်တပြေးညီ တာဝန်ရှိသူ အဆင့်ဆင့်ထံ သတင်းပေးပို့နိုင်ရေး၊ ရဲလုပ်ငန်းစနစ်၊ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ မီဒီယာဥပဒေနှင့်ရဲကျင့်ဝတ် စသည့်ဘာသာရပ်များအပြင် ကိုယ်ကာယကြံ့ခိုင်ရေး၊ တန်းစီခြင်း၊ တန်းညှိခြင်းအမှတ်စဉ်ခေါ်ခြင်းနှင့်ဖြေခြင်း၊ စစ်ရေးပြ(လက်နက်မဲ့) စသည်တို့ကို သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် စဉ့်ကိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှ မဲရုံပေါင်း (၁၄၂) ရုံအတွက် အထူးရဲစုစုပေါင်း (၁၄၂) ဦးတို့အား သင်တန်းနည်းပြ (၁၃) ဦးတို့မှ အောက်တိုဘာ(၁)ရက်နေ့မှ (၂၈) ရက်နေ့အထိ လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ပြီး ကျန်းမားရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအတိုင်း ကိုယ်ပူချိန်တိုင်းတာခြင်း၊ နှားခေါင်းစည်းများ စနစ် တကျတပ်ဆင်စေခြင်း ဆောင်ရွက်စေပြီး သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ပိုင်ပိုင်ကျော်(စဉ့်ကိုင် ပြန်/ဆက်)