သင်္ဃန်းကျွန်း မတ် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ အခြေခံရှေးဦးပြုစုခြင်းသင်တန်းကို ၂၁.၃.၂၀၂၃ ရက်နေ့မှ ၂၄.၃.၂၀၂၃ ရက်နေ့အထိ နံနက် ၉ နာရီမှ ညနေ ၃ နာရီအတွင်း အ.ထ.က သုဝဏ္ဏတွင် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် ရှေးဦးပြုစုနည်းများ၊ အရေးပေါ်အသက်ကယ်နည်းများကို သင်တန်းနည်းပြ ၈ ဦးမှ သင်ကြားပေးလျက်ရှိပြီး စိတ်ပါဝင်စားသော လူငယ်မောင်/မယ် (၅၂)ဦးတက်ရောက်ကြောင်း သတင်းရရှိသည်။
ကိုဘုန်း(ပြန်ဆက်)