ပုသိမ်ကြီးမြို့နယ်မှ အထူးရဲတပ်ဖွဲ့ဝင်များ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးသင်တန်း ၁/၂၀၂၀ ဖွင့်လှစ်

ပုသိမ်ကြီး အောက်တိုဘာ ၁

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အထူးရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးတာဝန် ထမ်းဆောင်နိုင်ရန် အတွက် မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်မှ အထူးရဲတပ်ဖွဲ့ဝင်များ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးသင်တန်း ၁/၂၀၂၀ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပုသိမ်ကြီး အထကကျောင်းရှိ အောင်ဇမ္ဗူခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှမြင့်က သင်တန်းအဖွင့် မိန့်ခွန်းပြောကြားကာ၊ အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညွန့်လင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးနေမျိုးလင်း၊ မြို့နယ် ပညာရေးမှူး ဦးအောင်သိန်းထွန်းနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ဉက္ကဋ္ဌ ဦးတင့်လွင်ဦးတို့ တက်ရောက် ကြပြီး၊ သင်တန်းတွင် အထူးရဲသင်တန်းသား (၁၃၉) ဦးအား အောက်တိုဘာ ၁ ရက်နေ့မှ ၂၈ ရက်နေ့ထိ သင်တန်းဖွင့်လှစ်ပို့ချ သွားမည်ဖြစ်သည်။

သင်တန်းအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စီစဉ်ထားရှိပြီး၊ အထူး ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ပုသိမ်ကြီးမြို့နယ်အတွင်းရှိ မဲရုံများ၌ လုံခြုံရေးတာဝန်များ ထမ်းဆောင်ကြမည်ဖြစ်ကြောင်း သိရသည်။

ဇာနည်ကိုကို