တံတား မတ် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ တိုင်းရင်းဆေးဝါးဆိုင်ရာအသိပညာပေး Talk Show ကို ယနေ့နံနက် (၁၀)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါအသိပညာပေး Talk Show တွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးဒေါ်မိုးဖြူလွင်က မီးဖိုချောင်သုံးဆေးဖက်ဝင်ပစ္စည်းများနှင့်ပက်သက်၍ ဆောင်ရန်၊ပြုလုပ်ရန်နှင့် တိုင်းရင်းဆေးကုဌာနမှ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးမှု အခြေအနေများကို မေးမြန်းဆွေးနွေးရာ မြို့နယ်တိုင်းရင်းဆေးမှူး ဦးအောင်ဟိန်းသူမှ မီးဖိုချောင်သုံးဆေးဖက်ဝင် ပစ္စည်းများနှင့်ပက်သက်၍ ဆီပူ/ ဆီနည်းမီးယပ်ဖြူဆင်းအတွက် ဆန်ဆေးရည်မှာ သကြားအနည်းငယ်ထည့်ပြီးသောက်ရန်၊ အစာမကြေ၊ ဝမ်းမီးနုံ့၊ ခံတွင်းပျက်ချောင်းဆိုးလျှင် ထမင်းရည်အကြမ်းပန်းကန်လုံးတစ်လုံးမှာ လက်ဖက်ရည်ဇွန်းနှစ်ဇွန်းပျားရည်ထည့်သောက်ရန်၊ ငါးကရတဲ့အဆီကိုစားသုံးရန် ငါးမှာ Omega 3 fatty acid ပါဝင်ပြီး Omega 3 ကဦးနှောက်ကြီးထွားဖို့အတွက်လိုအပ်ပြီး သွေးတိုးနဲ့နှလုံးရောဂါဖြစ်ပွားမှုကို တားဆီးပေးခြင်း၊ ဝမ်းဖော၊ဝမ်းရောင်ဖြစ်လျှင် နှမ်းဆီကိုအပူပေးပြီး နနွင်းနဲ့ဝမ်းဗိုက်ကိုလိမ်းပေးပါက သက်သာပျောက်ကင်းကြောင်း Iodine ဆားတစ်နေ့ လက်ဖက်ရည်ဇွန်းတစ်ဇွန်းလိုအပ်ကြောင်း စသည်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ Talk Show အစီအစဥ်များကို တံတားမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ၊ ကဆလးသူငယ်များအတွက် အသိပညာဗဟုသုတများရရှိစေရန် Online မှတစ်ဆင့် အသိပညာပေးလုပ်ငန်းများကို စဥ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဖြိုးသီဟ (ပြန်/ ဆက်)