မိုးနဲ မတ် ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့၊ နာဟောင်ရပ်ကွက် ဆုတောင်းပြည့်ဘုန်းတော်ကြီးကျောင်း၌ စုပေါင်းရှင်ပြုပွဲကို ယမန်နေ့နံနက် ၇ နာရီအချိန်က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
စုပေါင်းရှင်ပြုပွဲတွင် မောင်ရှင်လောင်းများကို မြင်းများ၊ရှင် လောင်းထိန်းများဖြင့် တင်ဆောင်ကာ ရှင်လောင်းများ၏ မိဘများ၊ ကွမ်းတောင်ကိုင်၊ ပန်းတောင်ကိုင်များနှင့် အိုးစည်၊ ဗုံမောင်းတို့ လိုက်ပါလျက် ဆုတောင်းပြည့်ကျောင်းတိုက်နေရာမှ မြို့တွင်းလမ်းမများ တစ်လျှောက်၊ မိုးနဲပောာ်နန်းတစ်ပတ် ရိုးရာရှင်ပြုမင်္ဂလာ ရှင်လောင်းလှည့်လည်ခဲ့ကြပြီး ဆုတောင်းပြည့်ကျောင်းတိုက်သို့ ပြန်လည်ဝင်ရောက်ခဲ့ကြသည်။
အဆိုပါ စုပေါင်းရှင်ပြုပွဲကြီးတွင် ရှင်အပါး ၅၈ ပါး၊ ကံထပ်ရဟန်း ၁၅ ပါး တို့အား သာသနာ့ဘောင်အတွင်း သွတ်သွင်းချီးမြှောက် စုပေါင်းကုသိုလ်ပြုခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)