သံဖြူဇရပ်မြို့နယ်ရှိ Puma Power စက်သုံးဆီ အရောင်းဆိုင်အား မီးဘေးကြိုတင်ကာကွယ်ရေး ဟောပြောခြင်းနှင့်သရုပ်ပြသခြင်းပြုလုပ်

သံဖြူဇရပ်    မတ်  ၂၂

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ ပူပြင်းခြောက်သွေ့သည့် နွေရာသီသို့ရောက်ရှိသဖြင့် မီးဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောခြင်းနှင့် သရုပ်ပြသခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက အောင်သာယာရပ်ကွက်ရှိ Puma Power စက်သုံးဆီအရောင်းဆိုင်၌ ပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးကောင်းထက်က puma Power စက်သုံးဆီအရောင်းဆိုင်မှ ဝန်ထမ်းသစ်များအား ပူပြင်းခြောက်သွေ့သောနွေရာသီတွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် လုပ်ဆောင်သင့်သည်များကို အသိ​ပေးဟောပြောပြီး စက်သုံးဆီအရောင်းဆိုင်ရှေ့တွင် အရောင်းဝန်ထမ်းများအား မီးသတ်ဦးစီးဌာနမှမီးလောင်လျှင်ငြှိမ်းသတ်နည်းနှင့် မီးသတ်ဆေးဘူးအသုံးပြုနည်းကို လက်တွေ့ သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)