နောင်ချိုမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်

နောင်ချို မတ် ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် အတွင်းရှိ အခြေခံပညာအလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

သင်တန်းဆွေးနွေးပွဲတွင် အလယ်တန်းအဆင့်တွင် နည်းပြ (၇) ဦး၊ လယ်အုပ်၊ လယ်ပြ၊ ဒုလယ်ပြ၊ လ/ထလယ်ပြ (၂၈၅) ဦး၊ စုစုပေါင်း(၂၉၂)ဦး၊ အထက်တန်းအဆင့်တွင် နည်းပြ(၅)ဦး၊ ထ(ခွဲ) ထက်အုပ်နှင့် ထက်ပြ (၁၃၅)ဦး စုစုပေါင်း(၁၄၀)ဖြစ်ပြီး အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် စုစုပေါင်း(၄၃၂)ဦး တက်ရောက်ခဲ့ကြောင်းနှင့် သင်တန်းကာလမှာ မတ်လ ၂၁ရက်နေ့မှ ၂၄ ရက်နေ့ အထိ ၄ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းဆွေးနွေးပွဲအား ဆရာ၊ ဆရာမများ မိမိတို့သင်ကြားပို့ချရမည့် ဘာသာရပ်အလိုက် သင်ကြားမှုအရည်အသွေး မြင့်မား၍ တတ်ကျွမ်းနားလည်စွာ သင်ကြားပို့ချနိုင်စေရန်၊ သင်တန်းတွင် မိမိတတ်သိထားသော အသိပညာအတတ်ပညာများအား နှီးနှောဖလှယ်ဆွေးနွေးကာ လာမည့်စာသင်နှစ်အတွက် လိုအပ်ချက်များမရှိစေရန်ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)