မိုင်းယောင်းမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

မိုင်းယောင်း မတ် ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းပန်က ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်များ၊ ရုပ်သံကျွမ်းကျင်- ဒေါ်နန်းစီဖေါင်းက ယာဉ်ကွေ့ရာတွင် သတိပြုရမည့်အချက်များ၊ အငယ်တန်းစာရေး ဦးထွန်းမြင့်လှိုင်က မည်သည့်ယာဉ်မဆို မိမိရှေ့ကယာဉ်ကို ကျော်တက်ရာတွင် သတိပြုရမည့်အချက်များအကြောင်းနှင့် လုပ်သားရုပ်သံ ဒေါ်ဝေဝေခိုင်က ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကြောင့် အသက်အန္တရာယ်နှင့် ကိုယ်လက်ခန္ဓာထိခိုက်မှု‌တို့မှ ရှောင်ရှားနိုင်ရေးအတွက် အသိပေးနှိုးဆော်ချက်(၅)ရပ်အကြောင်းကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း