ဒဂုံမြို့နယ်၌ သင်္ကြန်ကာလစည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်​ရေး လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေးကျင်းပ

ဒဂုံ မတ် ၂၂

ရန်ကုန်တိုင်း​ဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၌ သင်္ကြန်ကာလအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်​ရေးလုပ်ငန်းညှိနှိုင်းအစည်းအ​ဝေးကို ယ​နေ့​နံနက် ၁၁နာရီက မြို့နယ် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနရုံး အစည်းအ​ဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအ​ဝေးတွင် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသူ​ကျော်က သင်္ကြန်မဏ္ဍပ်​ဆောက်လုပ်နိုင်​ရေး၊ သင်္ကြန်ကာလအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်​ရေး ဆောင်ရွက်ကြရန်၊ မိမိတာဝန်ကျရာ ဆပ်​ကော်မတီများအလိုက် ဝိုင်းဝန်းကြိုးပမ်း​ဆောင်ရွက်ကြရန်၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်​ရေးမှူးများက ဝိုင်းဝန်း​ဆွေး​နွေးကြရန် စသည်ဖြင့် ပြောကြားခဲ့သည်။

ထို့​နောက်အစည်းအ​ဝေးတက်​ရောက်ကြသည့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်​ရေးမှူးများက သင်္ကြန်ကာလအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်​ရေးအတွက် ဝိုင်းဝန်း​ဆွေး​နွေးခဲ့​ကြကြောင်း သိရသည်။ အဆိုပါအစည်းအ​ဝေးသို့ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်​ရေးမှူးများ စုစု​ပေါင်း (၃၅) ဦး တက်​ရောက်ခဲ့​ကြောင်း သတင်းရရှိပါသည်။

ကြည်​ဇေ​သော်(ပြန်/ဆက်)