ကမာရွတ် မတ် ၂၂
သင်ရိုးသစ်အတန်းများ၏ ဘာသာရပ်ဆိုင်ရာသင်ကြားမှု စွမ်းရည်မြင့်မားစေရန်နှင့် ဆရာ၊ဆရာမများ သင်ကြားမှုအတွေ့အကြုံဖလှယ်ရန် ကျင်းပသည့် မွမ်းမံဆွေးနွေးပွဲသင်တန်းကို ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ် လေ့ကျင့်ရေးအထက်တန်းကျောင်း (TTC)တွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါသင်တန်း/ဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူးနှင့် ခရိုင်အတွင်းရှိ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများနှင့် ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာခရိုင်ပညာရေးမှူးဆရာမကြီး ဒေါ်စန္ဒာဦးမှ အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး(ပညာ)ဆရာကြီး ဦးအောင်မြင့်သန်းက သင်တန်း၏ စည်းမျဥ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားပေးခဲ့ပါသည်။
အဆိုပါသင်တန်းကို ခရိုင်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများ၊ ဘာသာရပ်သင်ကို ယ်ပိုင်အထက်တန်းကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ နည်းပြနှင့် သင်တန်းသား ဆရာ၊ ဆရာမ (၃၅၃)ဦး တက်ရောက်ကြပြီး သင်တန်းဆွေးနွေးပွဲကို မတ်လ (၂၁) ရက်နေ့မှ မတ်လ(၂၄)ရက်နေ့ထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
စိမ်းလဲ့(ပြန်/ဆက်)