ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဒဂုံအရှေ့ မတ် ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၁ နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဥက္ကဋ္ဌ ဦးမျိုးသူက ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် သက်ြန်ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေးဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီများဖွဲ့စည်း၍ သင်္ကြန်မဏ္ဍပ်ဆောက်လုပ်မည့် အစီအစဥ်၊ ပါဝင်ကပြဖျော်ဖြေမည့် ယိမ်းအဖွဲ့များ၊ ကြိုဆိုဧည့်ခံရေးနှင့် စတုဒီသာကျွေးမွေးရေး၊ ဖျော်ဖြေရေးတို့အပြင် နှစ်ဆန်းတစ်ရက်နေ့သက်ကြီးပူဇော်ပွဲနှင့် အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပွဲအစရှိသည့်တို့ကို ဆောင်ရွက်ရန် ယခုလိုအစည်းအဝေး ပြုလုပ်ဆွေးနွေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၁)ဗိုလ်မှူး သက်ဇော်ကသင်္ကြန်တော်အတွက် ဖွဲ့စည်းထားသော ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းများအား ရှင်းလင်းကာသင်္ကြန်ပွဲတော်စည်ကားသိုက်မြိုက်စွာနှင့် အောင်မြင်စွာ ကျင်းပနိုင်ရေး ပူးပေါင်း ဆောင်ရွက်ပေးနိုင်ရေးနှင့်လုံခြုံရေး၊ စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းကော်မတီဖွဲ့စည်းထားမှုအစရှိသည်တို့ကိုလည်း ဆွေးနွေးခဲ့သည်။

၎င်းနောက်အစည်းအဝေးသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက သင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပရေးပြန်လည် ဆွေးနွေးပြောကြားခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက နိဂုံးချုပ်အဖြစ် ဆွေးနွေးတင်ပြချက်များကို ပြန်လည်ဖြည့်စွက်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

ဝင်းအိမွန်(ပြန်/ဆက်)