ကုန်းကြမ်း မတ် ၂၂
၂၀၂၃ ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်း အမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်ခရိုင်၊ ကုန်းကြမ်းမြို့တွင် ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ကုန်းကြမ်းမြို့ အမှတ်(၃)ရပ်ကွတ် တရုတ်စာသင်ကျောင်းနှင့် ဌာနဆိုင်ရာများတို့အား ဖြန့်ဝေခဲ့ပါသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များ၊ တပ်မတော်၏အား (၁၀)ပါး၊ ၂၀၂၂ခုနှစ်၊ မတ်လ(၂၇)ရက်နေ့ (၇၇)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခန်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမဟာသရေစည်သူမင်းအောင်လှိုင် ပြောကြားခဲ့သည့် မိန်ခွန်းကောက်နုတ်ချက်များ၊ (၁၃.၇.၁၉၄၇)ရက်နေ့ မြို့တော်ခန်းမတွင် ကျင်းပသော ပြည်သူ့အစည်းအဝေး၌ ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သည့် မိန့်ခွန်းမှ ကောက်နုတ် ချက်များ၊ (၂၃.၃.၂၀၂၂)ရက်နေ့ထုတ် မြန်မာအလင်းသတင်းစာတွင် စာရေးဆရာ ဖိုလေးလုံးသောင်းကိုကို ရေးသားထားသော “ပြည်သူချစ်တဲ့တပ်မတော်”ကဗျာနှင့် “တပ်မတော်အင်အားရှိမှတိုင်း ပြည်အင်အားရှိမည်၊ အသက်သွေးချွေး စဉ်မနှေး ပေးဆပ်သည်မှာ တပ်မတော်ပါ” စသည့် တပ်မတော်ကိုယ်စားပြု သတင်းစကားများကို ထည့်သွင်းဖော်ပြထားပါသည်။ ဒေသခံပြည်သူများ၊ ကျောင်းသား/သူများ၊ လူငယ်များနှင့် လမ်းသွားလမ်းလာ အလုပ်သမားများကို (၇၈)နှစ်မြောက် တပ်မတော်နေ့ကို အစဉ်အောက်မေ့ သတိတရရှိစေရန် ကုန်းကြမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများက သတင်းစကား လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ဥမ္မာကျော်(ကုန်းကြမ်း)