ကျိုင်းတုံမြို့၌ ၂၀၂၃ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲကျင်းပ

ကျိုင်းတုံ မတ် ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၃ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို ယမန်နေ့က အမှတ်(၃)ရပ်ကွက်၊ သာသနာ့ ဗိမာန်တော်ကြီးတွင် ဖြေဆိုကြောင်း သိရသည်။

အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မတ် ၂၁ ရက်မှ ဧပြီ  ရက်ထိ ဖြေဆိုကျင်းပလျက်ရှိရာ ကျိုင်းတုံစာဖြေဌာန တွင် (ပထမနေ့)  ပါရာဇိကကဏ္ဍပါဠိအဌကထာဘာသာကို ဆရာတော်၊ သံဃာတော်နှင့် သီလရှင် စုစုပေါင်း (၃၁)ပါး အေးချမ်းစွာ ကြွရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။

အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ကျိုင်းတုံစာဖြေဌာန၊ ကြီးကြပ်ရေး ဆရာ‌တော်များနှင့် စာဖြေသံဃာတော်၊ သီလရှင်များအား ပြည်နယ် သာသနာရေးမှူး(ရှမ်းအရှေ့) ထွန်းမြင့်အောင်နှင့် တာဝန်ရှိသူများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)