ကျေးသီးမြို့တွင် (၇၈) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစောင်များဖြန့်ဝေ

ကျေးသီး မတ် ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့တွင်၂၀၂၃ခုနှစ် မတ်လ(၂၇)ရက်နေ့၌ ကျရောက်သော (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို  ယနေ့ နံနက်(၉)  နာရီ အချိန်က အခမဲ့ဖြန့်ဝေပေးခဲ့သည်။

အဆိုပါသတင်းစကားလက်ကမ်းစာစောင်တွင် တပ်မတော်နေ့နှင့်ပတ်သက်သည့် သမိုင်းကြောင်းများ၊ ဗိုလ်ချုပ်အောင်ဆန်း ၁၃.၇.၁၉၄၇ ရက်နေ့ ရန်ကုန်မြို့တော်ခန်းမတွင်ကျင်းပသော ပြည်သူ့အစည်းအဝေး၌ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်များ၊ (၇၈)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ တပ်မတော်၏အား (၁၀)ပါး၊ တပ်မတော်နေ့ အထိမ်းအမှတ် ဂုဏ်ပြုဆောင်းပါးနှင့် ကဗျာများကို သိရှိလေ့လာနိုင်ရန်နှင့် မိမိတို့နိုင်ငံနှင့် လူမျိုးအတွက် အထွတ်အမြတ်ထားရမည့် နေ့ကြီးရက်ကြီးများကို အစဉ်တန်ဖိုးထားတတ်စေရန် စသည့် အကြောင်းအရာများပါရှိကြောင်း သိရသည်။

သဲစုပိုင် (ပြန်/ဆက်)