သာစည် မတ် ၂၂
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းများကို ယမန်နေ့နံနက် ၉ နာရီက သတ်မှတ်နေရာများ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
စွမ်းရည်မြှင့်သင်တန်းတွင် အခြေခံပညာအလယ်တန်းအဆင့် စွမ်းရည်မြှင့်သင်တန်းကို သာစည်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ဖွင့်လှစ်ရာ မြို့နယ်အတွင်းရှိ အလယ်တန်းအဆင့်သင်ကျောင်းများမှ သင်တန်းသား အလယ်တန်းပြ ဆရာ/မများနှင့် ကျောင်းအုပ်ကြီးများ စုစုပေါင်း ၄၅၈ ဦး တက်ရောက်ကြပြီး သင်တန်းနည်းပြ ၁၅ ဦးတို့က ဘာသာရပ် ၆ ခုကို ပို့ချကြောင်း သိရသည်။ အခြေခံပညာအထက်တန်းအဆင့်စွမ်းရည်မြှင့် သင်တန်းကို သာစည်မြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ ဖွင့်လှစ်ရာ မြို့နယ်အတွင်းရှိ အထက်တန်းအဆင့်သင်ကျောင်းများမှ သင်တန်းသား အထက်တန်းပြ ဆရာ/မများနှင့် ကျောင်းအုပ်ကြီးများ စုစုပေါင်း ၁၈၉ ဦး တက်ရောက်ကြပြီး နည်းပြ ၉ ဦးတို့က ဘာသာရပ် ၉ ခုကို ပို့ချကြောင်း သိရသည်။
အဆိုပါ သင်တန်းများကို မတ် ၂၁ ရက်မှ မတ် ၂၄ ရက်နေ့အထိ နေ့စဉ်နံနက် ၉ နာရီမှညနေ ၄ နာရီအထိပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်