ကျိုက်ထို မတ် ၂၂
ကျိုက်ထိုမြို့ယ်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဝန်ကြီးဌာနမှ ပြုလုပ်သော အစိုးရဓမ္မာစရိယနှင့် ပါဌိပထမပြန် စာမေးပွဲကို ယမန်နေ့ နေ့လယ်ပိုင်းတွင် မြို့နယ်သာသနာ့ဗိမ္မာန်၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါစာမေးပွဲတွင် ကျိုက်ထိုမြို့နယ်၊ ဖက္ကလိပ်ကျေးရွာ၊ မဟာမရမ်းချိုကျောင်းတိုက် ဆရာတော်ဘဒ္ဓန္တအာစာရ (နိုင်ငံတော်သံဃမဟာနယကအဖွဲ့)နှင့် ကျိုက်ထိုမြို့ မြောက်ပိုင်း ရပ်ကွက်၊ သာယာကုန်းကျောင်းတိုက် ဆရာတော်ဘန္ဓန္တပညာသာမိ (မြို့နယ်သံဃနာယကဉက္ကဋ္ဌဆရာတော်)နှင့်ဆရာတော်(၁၀)ပါးတို့မှ ကြီးကြပ်၍ စာဖြေရန်စာရင်းပေး သံဃာ(၂၂)ပါး အနက် ဖြေဆိုသံဃာ(၁၈)ပါးတို့မှ ပါရာဇိကကဏ္ဍ ပါဠိအဋ္ဌကထာ(ပ)တွဲအား ဖြေဆိုခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်