အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီထုတ်ပေး

သံတွဲ မတ် ၂၂

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ယမန်နေ့နံနက် ၇ နာရီခွဲမှ စတင်၍ မြန်မာ့စီးပွားရေးဘဏ်ရှိ ဝန်ထမ်းများက ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

သံတွဲမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် ပင်စင်စားဝန်ထမ်း (၂၅၀၀)ကျော်ရှိပြီး မတ် လ ၂၁ ရက်နေ့မှစတင်၍ လကုန်ရက်အထိနေ့စဉ်နံနက် ၇:၃၀နာရီမှ နေ့လယ် ၂ နာရီထိ ပင်စင်လစာငွေများကို ထုတ်ပေးသွားမည်ဖြစ်သည်။ ပင်စင်လစာများကို မြန်မာ့စီးပွါးရေးဘဏ်တွင် ကိုယ်တိုင်လာရောက် ထုတ်ယူသူများရှိသလို၊ သတ်မှတ်ရက်များတွင် လာရောက်ထုတ်ယူခြင်းမရှိသော ပင်စင်စား ဝန်ထမ်းများအား မေလဆန်း ဘဏ်လုပ်ငန်းချိန်များတွင် ဆက်လက်ထုတ်ပေး သွားမည်ဖြစ်ပြီး ပင်စင်လစာများကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျထုတ်ပေးလျက်ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရသည်။

ခရိုင်(ပြန်/ဆက်)