ပေါင်မြို့နယ်တွင် အခြေခံပညာအထက်တန်း/အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကျင်းပ

ပေါင် မတ် ၂၂

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပေါင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပေါင်မြို့နယ် ပညာရေးမှူးဒေါ်စန်းစန်းအေးက အဖွင့်အမှာစကားပြောကြားပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်လှိုင်က သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့ ကျိုက်ထိုမြို့နယ်နှင့်ဘီးလင်းမြို့နယ်မှ အထက်တန်းအဆင့်နှင့်အလယ်တန်းအဆင့် ဆရာ၊ ဆရာမ(၄၄၀)ဦး တက်ရောက်ပြီး သင်တန်းနည်းပြ(၁၄)ဦးမှ သက်ဆိုင်ရာ ဘာသာရပ်အလိုက် (၄)ရက်ကြာသင်ကြားဆွေးနွေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)