မတ္တရာ မတ် ၂၁
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် ဆရာ/ဆရာမများအား ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းကို ယနေ့နံနက် ၉ နာရီမှစ၍ အ.ထ.က (မတ္တရာ)နှင့် မတ္တရာ(မြို့သစ်)တို့တွင် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
အ.ထ.က(မတ္တရာ)၌ အထက်တန်းအဆင့် သင်တန်းသား ဆရာ/ဆရာမ(၁၅၃)ဦးအား သင်တန်းနည်းပြ (၉) ဦးဖြင့်လည်းကောင်း၊ အ.ထ.က (မြို့သစ်)တွင် အလယ်တန်းအဆင့် သင်တန်းသား ဆရာ/ဆရာမ(၃၆၇)ဦးကို သင်တန်းနည်းပြ(၆)ဦးဖြင့်လည်းကောင်း မတ်လ ၂၁ ရက်နေ့မှ မတ်လ ၂၄ ရက်နေ့အထိ ၄ ရက်ကြာသင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သင်ရိုးသစ်ကို ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် စတင်ခဲ့ပြီး စဉ်ဆက်မပြတ် ဆရာ့အတတ်ပညာ ဖွံ့ဖြိုးတိုးတက်ရေး၊ ဘာသာရပ်အလိုက် ပညာရပ်များအား ကောင်းစွာတက်ကျွမ်းစေရေး၊ အမြဲမပြတ်အပတ်တကုတ်လေ့လာသင်ကြားနေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရပြီး မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်ဆွေဝင်းနှင့် တာဝန်ရှိသူများသည် သင်တန်းခန်းများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
စိုးကျော်သူထွေး(မတ္တရာ)