အမ်း မတ် ၂၁
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တပ်တောင်မြို့တွင် မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များနှင့် ဈေးပတ်ဝန်းကျင်ရှိ ဈေးဆိုင်ခန်းများ၊ စျေးရောင်းချနေသူများအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ မီးဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်းကို တပ်တောင်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုး ဦးဆောင်၍နယ်မြေခံမီးသတ်တပ်ဖွဲ့ဝင်များ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ ပူးပေါင်းပါဝင်၍ မီးဘေးအန္တရာယ် ကင်းဝေးစေရန် ဆောင်ရန်ရှောင်ရန် နည်းလမ်းများ၊ မီးဘေးအန္တရာယ် ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးခြင်း၊ နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ သဲအိတ်နှင့်မီးသတ်ဆေးဘူး စသည့်မီးဘေးကာကွယ်ရေး ပစ္စည်းများအား အသင့်ထားရှိရေး၊ နေအိမ်များတွင် လောင်စာဆီများ သိုလှောင်ခြင်းမပြုရန်၊ အိမ်တွင်တပ်ဆင်ထားသောဟောင်းနွမ်းလျှပ်စစ်ဝါယာကြိုးများနှင့် ပျက်စီးနေသောလျှပ်စစ်ပစ္စည်းများအား အသုံးမပြုကြရန်၊ မီးသွေးမီးဖိုဖြင့် ထမင်း၊ ဟင်းချက်ပြုတ်ပြီးပါက မီးကြွင်း မီးကျန်များအား စနစ်တကျမီးငြှိမ်းသတ်ကြရန် ကွင်းဆင်းအသိပေး ဆောင်ရွက်ခဲ့ကြသည်။
စိုးမင်းထွန်း