ညောင်ဦး မတ် ၂၁
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌ ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုသင်္ကြန်ပွဲတော်အား မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာများနှင့်အညီ စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် အစည်းအဝေးကျင်းပခြင်းကို ယနေ့နံနက် ၉နာရီခွဲအချိန်က ညောင်ဦး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်းအတွင်း အနော်ရထာခန်းမတွင်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်မှ ၁၃၈၄ ခုနှစ်၊ မြန်မာ့ ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး၊ ပြည်သူများပျော်ရွှင်စွာ ရေးကစားနိုင်ရေး၊ သင်္ကြန်ရေကစား မဏ္ဍပ်များတည်ဆောက်၍ ယိမ်းအကပြိုင်ပွဲများ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ ရေပက်ကစားခြင်းများနှင့်အတူ စတုဒီသာကျွေးမွေးရေးအစီအစဉ်များဆောင်ရွက်နိုင်ရန်အမှာစကားပြောကြားသည်။ ပြီးနောက် ညောင်ဦးမြို့နယ် ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ပရဟိတအသင်းအဖွဲ့များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ တက်ရောက်လာသူများကဆွေးနွေးအကြံပြုကြကာ ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးနာယကအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း၊ ဦးစီးကော်မတီဖွဲ့စည်းတာဝန်ပေးအပ်ခြင်း၊ ရန်ပုံငွေရှာဖွေးရေးဆပ်ကော်မတီ၊ အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီ၊ဖျော်ဖြေ ရေးဆပ်ကော်မတီစသည့် ကော်မတီများဖွဲ့စည်း၍ တာဝန်ပေးအပ်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း