မိုင်းတုံမြို့၌ ခရိုင်/မြို့နယ်ရှိ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု‌အုပ်ချုပ်ရေးမှူးများစုပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မိုင်းတုံ ‌မတ် ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြိုယ်၊ အထွေထွေအုပ်ချုပ်ရေးရုံးဝန်းရှိ အစည်းအဝေးခန်းမတွင် ခရိုင်/မြို့နယ်ရှိဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု‌ အုပ်ချုပ်ရေးမှူးများစုပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယ‌နေ့နံနက် ၁၀း၃၀ အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ပထမဦးစွာ မိုင်းတုံခရိုင်အုပ်ချုပ်ရေးမှူး  ဦးငြိမ်းထွန်း‌ ကျော်က ခရိုင်/မြို့နယ်ရှိ ဌာနဆိုင်ရာ များနှင့်ရပ်ကွက်/ကျေးရွာအုပ်စု‌အုပ်ချုပ်ရေးမှူးများ စုပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကြားဖြတ်ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ကျွန်တော်တို့  ဌာနဆိုင်ရာရုံးတွေကို ခရိုင်အဆင့်တိုးမြှင့်ထား‌ သော်လည်း တိုးမြှင့်ထားသည့်ရုံး နည်းသည့်အတွက် မြို့နယ်နဲ့ ပေါင်း ဆက်မှသာ လုပ်ငန်းဆောင်ရွက်သည့်အခါ  ပိုမိုလျင်မြန်စွာဆောင်ရွက်နိုင်ပြီး လုပ်ငန်းများတိုး တက်အောင်မြင်မှာဖြစ်ကြောင်း၊  မြို့သာယာလှပစေရေးကို ဌာနဆိုင်ရာတွေနဲ့ပူးပေါင်းကာ အပတ်စဉ်စနေနေ့တိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ သင်္ကြန်ကာလရောက်တော့မှာ ဖြစ်တဲ့အတွက် သင်္ကြန်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ပတ်သက်ပြီးမည့်သို့ ဆောင်ရွက်ထားရှိမှုကိုလည်း မြို့နယ်အုပ်ချုပ်ရေးမှူးက အသေးစိတ်စီစဉ်တင်ပြပေးရန်နှင့် ဌာနဆိုင်ရာများကလည်း ပူးပေါင်းညှိနှိုင်းစေလိုကြောင်း အမှာစကားပြောကြားခဲ့သည်။

ထို့နောက်မြို့နယ်အုပ်ချုပ်‌ ရေးမှူး၊ဦးလွင်မိုးမှလည်း‌ကောင်း၊ ခရိုင်လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှအေးကလည်းကောင်း၊ ခရိုင် ဒုတိယအုပ်ချုပ်‌ရေးမှူး ဦးသိန်းဇော်ဝင်းကလည်း‌ကောင်း ဆောင်ရွက်ထားရှိမှုနှင့် လိုအပ်သည် များကို ဖြည့်စွပ်ရှင်းလင်းခဲ့သည်။ ဆက်လက်ပြီး ခရိုင်/မြို့နယ်ရှိ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု‌အုပ်ချုပ်ရေးမှူးများမှ လုပ်ငန်းဆောင်ရွက်နေမှုနှင့် လိုအပ်ချက်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြ‌ကြောင်း သိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)