အမ်း မတ် ၂၁
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့ နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် မွေးမြူရေးဆိုင်ရာ (အသားကဏ္ဍ) အရင်းမပျောက် မတည်ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီ အချိန်တွင် အထွေထွအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခမ်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ခရိုင်မွေးမြူရေးဆိုင်ရာ (အသားကဏ္ဍ) ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်က အဖွင့်အမှာ စကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားတိုးတက်မြင့်မားလာရေးအတွက် ဘက်ပေါင်းစုံမှ ထောက်ပံ့ပေးအပ်လျက်ရှိပါကြောင်း အရင်းမပျောက် မတည်ငွေများကို မပျောက်ပျက်စေဘဲ တိုးပွားလာစေရန်နှင့် အကျိုးရှိစွာ စနစ်တကျ အသုံးချနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားပြီးနောက် ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မိုးက မွေးမြူရေးဆိုင်ရာ (အသားကဏ္ဍ) အရင်းမပျောက် မတည်ရန်ပုံငွေပေးအပ်ရသည့် ရည်ရွယ်ချက်များနှင့်ဆောင်ရွက်မည့်လုပ်ငန်း အခြေအနေများကို ရှင်းလင်း ဆွေးနွေးခဲ့သည်။
ဆက်လက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ နိုင်ငံ့စီးပွါးမြှင့်တင်ရေး ရန်ပုံငွေကျပ် သိန်း(၁၀၀၀)ကို ခရိုင်မွေးမြူရေဆိုင်ရာ (အသားကဏ္ဍ) ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်က ငွေကျပ်သိန်း(၆၀၀)အား ပေးအပ်ရာ ကြောင်ဖြူကွင်းကျေးရွာစီမံကိန်းကြီးကြပ်မှု ကော်မတီဝင်များလက်ခံရယူခဲ့ပြီး ခရိုင်မွေး မြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မိုးက ငွေကျပ်သိန်း(၄၀၀) ပေးအပ်ရာ ထန်းချောင်းကျေးရွာ ကျေးရွာစီမံကိန်း ကြီးကြပ်မှု ကော်မတီများမှ လက်ခံရယူခဲ့သည်။
အဆိုပါ မွေးမြူရေးဆိုင်ရာ (အသားကဏ္ဍ)အရင်းမပျောက် မတည်ရန်ပုံငွေ ကျပ်သိန်း(၁၀၀၀)ကို ထုတ်ချေးပေးခဲ့ခြင်းဖြစ်ပြီး ထုတ်ချေးငွေများအား မွေးမြူရေးဆိုင်ရာ(အသားကဏ္ဍ)တွင် အရင်းမပျောက် မတည်ငွေများအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မိုးထံမှ သိရသည်။
အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်နှင့်အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးလက်နေပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)