ကွမ်းခြံကုန်း မတ် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် (၇၈)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် စာအုပ်ပြပွဲကို ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre )ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ကွမ်းခြံကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်နန့်ဆွေနွယ်ဦးက လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် အမျိုးသားနိုင်ငံရေးတပ်ဦးသည် ဦးစွာသန္ဓေတည်ခဲ့ပါကြောင်း၊ စစ်အတွင်းကာလ၌ အမျိုးသာတပ်ဦးကြီးလျို့ဝှက်စွာ အမြုတေတည်ဆောက်ဖွဲ့စည်းခဲ့ပြီး တော်လှန်ရေးပြီးဆုံး၍ လွတ်လပ်ရေးကြိုးပမ်းမှုကာလတွင် ဖက်ဆစ်တိုက်ဖျက်ရေးပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖဆပလ)ဟူ၍ အထင်အရှားပေါ်ပေါက်ခဲ့ကြောင်းစသည့် တပ်မတော်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများကို ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။ ထို့နောက်ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ စိတ်ဝင်တစားလေ့လာကြည့်ရှုကြကြောင်း သိရသည်။
ဆွေနွယ်(IPRD)