လဲချား အောက်တိုဘာ ၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်အမည်စာရင်း ပြည့်စုံမှန်ကန်စေရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်ပြည်သူများ၏ မဲစာရင်း အမည်ကပ်ထားမှုများကို ယနေ့နံနက်ပိုင်းမှစတင်ကာ မြို့နယ်ရွေးကောက်ပွဲ ကော်မတီအဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်များမှ ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ ဒုတိယအကြိမ်မဲဆန္ဒရှင်ပြည်သူများ၏ မဲစာရင်းအမည်ကပ်ထားမှုများ ကြည့်ရှုစစ်ဆေး ရာတွင် အောက်တိုဘာ (၁)ရက်နေ့မှ (၁၄)ရက်နေ့အထိ ကြေညာကပ်ထားဆောင်ရွက်မှုနှင့် မဲရုံ တည်နေရာများ ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆောင်ရွက်ရမည့် အချက်များကို လိုက်နာဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။
လဲချားမြို့နယ်အတွင်း ဆန္ဒမဲပေးရန် မဲရုံ (၃၆)ရုံနှင့်မဲဆန္ဒရှင် စုစုပေါင်း (၃၉၆၇၀)ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ သိရသည်။
လွှမ်းသူနောင် (ပြန်/ဆက်)