မိုင်းယန်ခရိုင်/ မိုင်းယန်းမြို့နယ်၌ မီးဘေးလုံခြုံရေးဆိုင်ရာသတ်မှတ်ချက်နှင့်အညီ လိုက်နာဆောင်ရွက်မှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

မိုင်းယန်း မတ် ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်မီးသတ်ဦးစီးဌာနမှ ဒေသအတွင်း မီးလောင်မှုများမဖြစ်ပေါ်စေရေးနှင့် တည်းခိုခန်းများမီးဘေးလုံခြုံရေးဆိုင်ရာ သတ်မှတ်ချက်နှင့်အညီ လိုက်နာမှု ရှိ/ မရှိ  အခြေအနေများကို ယနေ့မွန်းလွဲ ၂ နာရီက မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့နှင့် တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံ၊ စက်သုံးဆီဆိုင်၊ ဆေးဆိုင်နှင့် ဈေးလုပ်ငန်းများတွင် မီးလောင်မှုမဖြစ်ပေါ်စေရန် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ပဒေ၊ နည်းပဒေများနှင့်အညီ မီးဘေးလုံခြုံရေး ကြိုတင်ကာကွယ်ရေးဆိုင်ရာအကြံပြုချက်များအား လိုက်နာဆောင်ရွက်ရေး ချပြရှင်းလင်းခြင်းများကို မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့က္ကဋ္ဌ ဦးအောင်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် ဦးစီးမှူး ဦးရန်မျိုးအောင်နှင့် တပ်ဖွဲ့ဝင်များမှ ကွင်းဆင်းစစ်ခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းထူး