ပေါင်မြို့နယ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေး

ပေါင်     မတ်  ၂၁

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေကို ဖေဖော်ဝါရီ ၂၁ ရက်မှစတင်ထုတ်ပေးခဲ့ရာ ယနေ့နံနက် ၇ နာရီမှ နေ့လယ် ၂ နာရီထိ  ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အငြိမ်းစားဝန်ထမ်းများ၏ အငြိမ်းစားလစာငွေများထုတ်ပေးရာတွင် အငြိမ်းစားဝန်ထမ်းများအနေဖြင့် မိမိတို့အဆင်ပြေသည့်နေ့တွင် လာရောက်ထုတ်ယူနိုင်ကြောင်း၊ ကိုယ်စားလှယ်ဖြင့်ထုတ်ယူလိုပါက လိုအပ်သည့်အထောက်အထားများဖြင့် လာရောက်ထုတ်ယူနိုင်ကြောင်းနှင့် ပင်စင်လစာထုတ်ယူရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ခံများက စာရင်းဖြည့်သွင်းခြင်းများဆောင်ရွက်ပေးပြီး ပင်စင်လစာငွေများအား အလှည့်ကျစနစ်ဖြင့်အသက်အရွယ်ကြီးရင့်သူများ အခက်အခဲမရှိစေရေး စနစ်တကျဆောင်ရွက်ပေးထားကြောင်းကို ပေါင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူထံမှသိရသည်။

မြို့နယ်(ပြန်/ဆက်)