ကျိုက်ထို မတ် ၂၁
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်းအဆင့်နှင့်အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကျိုက်ထိုခရိုင် ပညာရေးမှူး ဦးခိုင်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်လှိုင်က သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်းမြို့နယ်မှ အထက်တန်းအဆင့်နှင့်အလယ်တန်းအဆင့် ဆရာ၊ ဆရာမ(၅၉၇)ဦး တက်ရောက်ပြီး သင်တန်းနည်းပြ(၂၅)ဦးမှ သက်ဆိုင်ရာ ဘာသာရပ်အလိုက် (၄)ရက်ကြာ သင်ကြားဆွေးနွေးသွားမည်ဖြစ်ကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်ပြန်/ဆက်