ပန်းဘဲတန်း အောက်တိုဘာ ၁
ပန်းဘဲတန်းမြို့နယ် (၂၆)လမ်းဈေးတွင် ဈေးရောင်းချသူနှင့် ဈေးဝယ်သူပြည်သူများ ကိုဗစ်−၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များကိုလိုက်နာကြရန်အတွက် လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက ဈေးအတွင်း လှည့်လည်အသိပညာပေးခြင်းကို ယမန်နေ့က (၂၆) လမ်းဈေးအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ပန်းဘဲတန်းမြို့နယ် (၂၆)လမ်းဈေးသည် အခြေခံစားသောက်ကုန်နှင့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံများရောင်းချသော ဈေးဖြစ်သည့်အတွက် ပြည်သူများ လာရောက်မှု များပြားခြင်းကြောင့် ဈေးအဝင်၊ အထွက်များတွင် အပူချိန်တိုင်းရန်၊ နှာခေါင်းစည်းမပါဘဲ ဈေးအတွင်းဝင်ရောက်သူများအား နှာခေါင်းစည်းများ ဖြန့်ဝေပေးရန်နှင့် ပန်းဘဲတန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူများ အခြေအနေ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များကို လိုက်နာပေးကြရန် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဘမျိုးသိန်း၊ အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦး တို့က (၂၆)လမ်းဈေးအတွင်း လှည့်လည်အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရသည်။
နေခြည် (ပြန်/ဆက်)