ဟိုပုံးမြို့နယ်၌ (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

ဟိုပုံး မတ် ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက် ၉ နာရီခွဲ အချိန်က တပ်မတော် ကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်းနှင့် နောင်တောင်းပရဟိတတပ်ဦး ကျောင်းတို့တွင် ဖြန့်ဝေပေးခဲ့သည်။

အဆိုပါလက်ကမ်းစာစောင်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များ၊   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဗိုလ်ချုပ်‌အောင်ဆန်း ၁၃-၇-၁၉၄၇ ရက်နေ့တွင် မြို့တော်ခန်းမတွင်ကျင်းပသည့် ပြည်သူ့အစည်းအဝေးတွင် ပြောကြားခဲ့သည့်မိန့်ခွန်းကောက်နုတ်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ၂၇-၃-၂၀၂၂ ရက်နေ့ (၇၇)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပြောကြားသည့် မိန်းခွန်း ကောက်နုတ်ချက်၊ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားဦးလည်မသုန်ထမ်း ရွတ်ခဲ့သည်များ၊ ကဗျာ၊ ဆောင်ပုဒ်၊ ကာတွန်းစသည့်အချက်များပါဝင်သော လက်ကမ်းစာစောင်များကို  ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသအဆင့်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ‌ဒေါ်ခင်အိအိသန်းနှင့် ဝန်ထမ်းများက တပ်မတော် ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း သင်တန်းသားများနှင့် နောင်တောင်း ပရဟိတတပ်ဦးကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 ပအိုဝ်းဒေသ(ပြန်/ဆက်)