ဗိုလ်တထောင် မတ် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ယနေ့နံနက်(၀၉း၃၀}အချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးဦးစီးဌာနတို့ပူးပေါင်း၍ လက်ကပ်ရောဂါအကြောင်းသိကောင်းစရာ အသိပညာပေး Talk Show ဆွေးနွေးပွဲဆောင်ရွက်ခဲ့သည်။
အဆိုပါ Talk Show ဆွေးနွေးပွဲ၌ ဗိုလ်တထောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဒေါ်မြတ်မြတ်စိန်က မိမိတို့ဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာ၊ ဗဟုသုတရရှိစေရန်ရည်ရွယ်၍ ယခုလို Talk Show ဆွေးနွေးပွဲများ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပြီး မြို့နယ်တိုင်းရင်းဆေးဦးစီးဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်နန်းမြတ်ပန်းအိသွယ်က လက်ကပ်ရောဂါကို တိုင်းရင်းဆေးအခေါ်ဖြင့် လက်မောင်းအုံနာကျင်ကိုက်ခဲခြင်းရောဂါလို့လည်းခေါ်ကြောင်း၊ လက်တစ်ဘက်ထဲကိုပဲ အမြဲအသုံးပြုသူများ၊ အိပ်တဲ့အခါ တစ်ဘက် ထဲကိုဖိပြီး အိပ်တတ်တဲ့သူများ၊ အဲကွန်း၊ လေးအေးပေးစက်များဖွင့်၍ အိပ်သူများ၊ Bus Car စီးတဲ့အခါ လက်တစ်ဘက်ထဲကို အချိန် အကြာကြီးအသုံးပြုသူများတွင် အဖြစ်များကြောင်း၊ ရောဂါဖြစ်သူသည် ကိုယ်လက်လေးလံခြင်း၊ လက်မောင်းပတ်ဝန်းကျင် နာကျင်ခြင်း၊ လက်မောင်းလက်ပြင်နေရာတို့မှအောင့်ခြင်း၊ ပခုံး၏ထိပ်ဖက်၊ ရှေ့ဘက်နှင့် နောက်ဘက်တို့မှနာခြင်း၊ အထိအကိုင်မခံနိုင်ခြင်း၊ နာသည့်ဘက်မှ ဖိအိပ်၍မရခြင်းစသည့် ရောဂါလက္ခဏာများ ခံစားရနိုင်ကြောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဗိုလ်တထောင်မြို့နယ်ရုံးအနေဖြင့် အသိပညာပေး Talk Show ဆွေးနွေးပွဲများကို Online မှတစ်ဆင့် ပြည်သူများအသိပညာ၊ ဗဟုသုတများတိုးပွားစေရေးအတွက် လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မေနှင်း