လယ်ဝေး အောက်တိုဘာ ၁
၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင် ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ အေးချမ်းလုံခြုံစွာဆန္ဒမဲပေးနိုင်ရန်အတွက် ပြည်ထောင်စုနယ် မြေ၊ လယ်ဝေးမြို့နယ်အတွင်းရှိ မဲရုံအသီးသီးတွင် မဲရုံလုံခြုံရေး အထူးရဲခန့်အပ်တာဝန်ချ ထားပေးနိုင်ရန်အတွက် “အထူးရဲသင်တန်း”ဖွင့်လှစ်သင်ကြားပေးခြင်းကို ယနေ့နံနက်(၉) နာရီက လယ်ဝေးမြို့ အမှတ်(၁)အခြေခံပညာ အထက် တန်းကျောင်း ရွှေရတုခန်းမ၌ ကျင်းပ သည်။
ရှေးဦးစွာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်မောင်ဦးက အဖွင့်အမှာစကားပြောကြားပြီး သင်တန်းတွင် စစ်ရေးပြ (လက်နက်မဲ့)၊ ရဲကျင့်ဝတ်ဘာသာရပ်၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာသိမှတ်ဖွယ်၊ ရာဇဝတ် ကျင့်ထုံး ဥပဒေဘာသာရပ် အစရှိသည့် ဘာသာ ရပ်(၁၃)ခုကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။ အဆိုပါ သင်တန်းတွင် လယ်ဝေးမြို့နယ်အတွင်းရှိ ရပ်ကွက်(၇)ရပ်ကွက်၊ ကျေးရွာ အုပ်စု(၆၀)အုပ်စုမှ မဲရုံ(၁၄၄)ရုံအတွက် အထူးရဲစုစုပေါင်း(၁၄၄)ဦးတို့အား အောက်တိုဘာ(၁)ရက်နေ့မှ (၂၈)ရက် နေ့အထိ လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နေဇော်ချစ်(ပြန်/ဆက်)